ရခိုင်ပြည်နယ် မောင်တောမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မောင်တော    မတ်    ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ခရိုင်မှတ်ပုံတင်ရေး အဖွဲ့မှ  မောင်တောခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိအသင်း အဖွဲ့ဝင်များအားအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကိုငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေး ပွဲတွင် ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက ဆွေးနွေးပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အသင်းအဖွဲ့များအ‌နေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကိုချပြ ဆွေးနွေးကာ အသင်းအဖွဲ့များဆိုင်ရာဥပဒေ ပြဌာန်းချက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်  တက်ရောက်လာသည့်အသင်းအဖွဲ့များက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်း လင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌကလိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)