မိုးမောက် မတ် ၃၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာအုပ်စု လုံဂျာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉နာရီမှ ညနေ၄ နာရီခန့်အထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုန်ထုတ်လမ်းကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး မင်းရွှေလင်းကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သည့် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာအုပ်စု၊ လုံဂျာကုန်းကျေးရွာ ကုန်ထုတ်လုပ် ကွန်ကရစ်ဘောင်ခတ် (မြေသား+ သဲကျောက်) (၉"×၁'-၆")ခင်းခြင်း (၁မိုင်×၁၂' × ၂' - ၉")နှင့် (၆'× ၁၂'×၆') (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ မြေပြင် ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန်၊ စံညွှန်း၊ အရည်အသွေး ပြည့်မှီစွာဖြင့် ဆောင်ရွက်ထားမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပြန်/ဆက်