မြောက်ဦး မတ် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက ၁၀ နာရီအချိန်က အလယ်ဈေးရပ်ကွက် အသင့်စားမုန်တီခြောက်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းတွင် လက် ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်း ဦးဆောင်၍မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသောက်ဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့်မီးလောင်မှုကြောင့်ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးတို့အတွက် မီးကိုစနစ်တကျ အသုံးပြုတတ်စေရေး၊ မိမိတို့၏ နေအိမ်များတွင် အသုံးပြုလျက်ရှိသောလျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက် စီးယိုယွင်းနေပါကအသစ်လဲ လှယ်၍ပြန်လည်တတ်ဆင်အသုံးပြုကြရန်နှင့်လျှပ်စစ် ဝါယာချော့ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအားစနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေးများဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအားစနစ်တကျ ငြှိမ်းသတ်ထားရှိပြီးနေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ရေပုံးများ အသင့် ထားရှိရန်နှင့် ရုတ်တရက်မီးလောင်မှု/မီးလန့်မှုများဖြစ်ပေါ်လာပါကမြို့နယ် မီးသတ်ဦးစီးဌာနသို့အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ရန် လိုအပ်ကြောင်းစသည့်အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)