မိတ္ထီလာ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ပဒေသာကပွဲနှင့် မူလတန်းကြိုအဆင့်သင်ယူပြီး မြောက်ကြောင်းအသိအမှတ်ပြု ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအဆိုပါအခမ်းအနားတွင် ၎င်းမူလတန်းကြိုကျောင်းစာသင်ခန်း (၄) ခန်းမှ ကျောင်းသူ ကျောင်းသားများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ကျောင်းသူ၊ကျောင်းသားများထံသို့ မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ကြောင်း အသိ အမှတ်ပြု ကျောင်းဆင်းလက်မှတ်များကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စောနှင်းဦး၊ မူလတန်းကြိုကျောင်း ကျောင်းအုပ် ဒေါ်ညိုညိုအောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ချမ်းသာ