ရမည်းသင်း မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့်နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစေရန် စာစီစာကုံးရေးသားနည်းနှင့်ဂျပန်စကားပြောသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက လူငယ်များအတွက်အထောက် အကူပြုတဲ့သင်တန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက နွေရာသီကျောင်းအားလပ်ရက်၌ ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ် ၍ သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်အတွက်ဆက်လက်ဖွင့်လှစ်မည့်သင်တန်းများကိုလည်း တက်ရောက်ကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာစီစာကုံးရေးသားနည်း၊ ဂျပန်စကားပြောသင်တန်းတို့တွင် ထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကာခရိုင်ပြန်/ဆက်၊ ခရိုင်ဦးစီးမှူးက စာစီစာကုံးရေးသားနည်း သင်တန်းနှင့် ဂျပန်စကားပြောသင်တန်းနည်းပြတို့ကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ရမည်းသင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်းအတွင်း ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ် ရေး အသိပညာပေးနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ပြသရာအခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာများသင်တန်းသား၊ သင်တန်းသူများမှကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)