နွားထိုးကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေးဆွေးနွေးပွဲကျင်းပ

နွားထိုးကြီး  မတ်  ၃၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီကသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးတင့်လွင်ဦးမှ သတိပြုဖွယ် သတင်းမှားအန္တရာယ် ခေါင်းစဉ်ဖြင့်လည်း၊ဘက်စုံသားဖွား ဆရာမဒေါ်လှစန်းခင်မှ နေ့စဉ်အားကစားနှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပညာရေးဌာနမှ ဦးတင်မျိုးမှ တက်ခြင်းဖြင့် တန်ဖိုးမြင့်သူဖြစ်ပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ရဲဗလ ဦးကျော်ဇင်လင်းမှ မီးဘေးအမှုအစဉ် သတိပြုပါ ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြသည်။  မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်မှအသိပညာပေးဆွေးနွေးသူများအားအမှတ်တရ လက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်း မိသားစုများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်