စံဦးကျေးရွာ မြစိမ်းရောင်ရံပုံငွေ ပဉ္စမအကြိမ် လက်ဆင့်ကမ်းပေးအပ်ပွဲကျင်းပ

တောင်သာ မတ်၃၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) စံဦးကျေးရွာ မွေးမြူ ရေးရံပုံငွေ လက်ဆင့်ကမ်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်()နာရီအချိန်က တောင်သာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်မြစိမ်းရောင် ရံပုံငွေကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး ဦးဟန်သူရက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းဝင်းက စံဦးကျေးရွာ မြစိမ်း ရောင် (အသား ကဏ္ဍ) ဆိတ်မွေးမြူရေး စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပဉ္စမကြိမ် ရံပုံငွေလက်ဆင့်ကမ်း လွဲအပ်ခြင်းကို မြို့နယ်ရံပုံငွေကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးဟန်သူရမှ ငွေကျပ်သိန်း (၃၅၀) ကျပ်အား ပေးအပ်ခဲ့ရာ စံဦးကျေးရွာရံပုံငွေကြီးကြပ်မှုကော်မတီမှ လက်ခံရယူခဲ့သည်။

ထို့သို့  ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ   ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စံဦးကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)