မိုးနဲ မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ်ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကြီးကြပ်ပေးပြီး ဝန်ထမ်းများက ပူးပေါင်း၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနများသို့ ယနေ့နံနက် ၉ နာရီအချိန်က စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာစာဖတ်ပရိတ်သက်များအနေဖြင့် အလွယ်တကူ ငှားရမ်းဖတ်ရှုလေ့လာနိုင်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်ပရိတ်သက်များအနေဖြင့်လည်း ငှားရမ်းရာတွင် အဆင်ပြေစေရန်၊ စာပေဖတ်ရှုလိုက်ခြင်းကြောင့် အသိပညာဗဟုသုတ ပိုမိုထက်မြတ်လာစေရန်၊ အားလပ်သော အချိန်များကို စာအုပ်စာပေဖတ်ရှုလိုက်ခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန်၊ ပြည့်သူ့ စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်နှင့် စာငှား၊ စာဖတ် တိုးပွားလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြရာ စာပေချစ်မြတ်နိုး သူများက ၎င်းတို့ကြိုက်နှစ်သက်ရာ စာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် ငှားရမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိုဘိုင်း library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)