ညောင်ဦး မတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်း ဖွင့်လှစ်သင်ကြားလျှက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေး လျက်ရှိသော ဆရာ/မများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင်နှင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများနည်းပြ ဆရာ/မများတို့၏အနီး ကပ်ကြီးကြပ်မှုဖြင့် သင်တန်းဆက်လက်ပို့ချလျက်ရှိသည်။
ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်ဘာသာရပ်များအလိုက် သင်ကြားပေးနေကြသော ဆရာ/မသင်တန်းသား သင်တန်းသူ(၁၆၄၇)ဦးတက်ရောက်သင်ကြားပို့ချလျက်ရှိကြောင်း မတ်လ ၂၈ ရက်မှ မတ်လ ၃၁ ရက်၊ ယနေ့အထိ လေးရက်ကြာပို့ချသင်တန်းပေးသင်ကြားလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း