မင်္ဂလာဒုံမြို့နယ်၌ အောင်တံခွန်ရေထိန်းတံခါးဖွင့်ပွဲအခမ်းအနားကျင်းပ

မင်္ဂလာဒုံ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ တည်ဆောက်ပြီးစီးခဲ့သည့် မင်္ဂလာဒုံမြို့နယ်၊ အောင်တံခွန်ရေထိန်းတံခါးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က တာဝန်ရှိသူများမှ ဖွင့်လှစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနမှ ဌာနမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ ဌာနအကြီးအကဲများ၊ ဧည့်သည်တော်များနှင့်အတူ အောင်တံခွန်ရေထိန်းတံခါးတည်ဆောက်ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားလျက်ရှိကြောင်း သိရသည်။

မြတ်သူဇာ ( မင်္ဂလာဒုံ)