လှည်းကူး မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သောနွေရာသီအခြေခံ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ဘောလုံးအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် (က) အဆင့်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူသည်။ ဆက်လက်ပြီး မြောက်ပိုင်းခရိုင် အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သိန်းရွှေတို့က သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ သင်တန်းနည်းပြများက လက်ခံရယူသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အားကစားနည်း (၄) မျိုးဖြင့် သရုပ်ပြဖျော်ဖြေကြသည်။
အဆိုပါအားကစာနည်း (၄) မျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၁၆၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၃) ရက်မှ (၃၀) ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက သိရသည်။
အေးအေးနွဲ့