ညောင်ဦးမြို့နယ်တွင် မိသားစုအပိုဝင်ငွေအတွက် တစ်နိုင်တစ်ပိုင် ဟင်းနုနွယ်ရွက်များစိုက်ပျိုး

ညောင်ဦး  မတ်  ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ ကျေးရွာများ၊ သူကောင်းတည်အုပ်စု၊ အောက်ညဉ့်ကျေးရွာများ သည် အပင်အဖြစ်မြန်ပြီး ဈေးကွက်အတွင်းအမြန်ရောင်းချနိုင်သည့် ဟင်းနုနွယ်ရွက်စိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသား ဝင်ငွေရရှိနေကြကြောင်း လက်ပံခြေပေါ်ကျေးရွာ ဦးမောင်ဝင်းထံက သိရသည်။

ဟင်းနုနွယ်ပင်စိုက်ပျိုးခြင်းသည် အစေ့တိုက်ရိုက်ချစိုက်ပျိုးရပြီး အလွန်စိုက်ပျိုး လွယ်ကူသည့်ဟင်းရွက်ပင်ဖြစ်ခြင်းကြောင့် မိသားစုတစ်နိုင်တစ်ပိုင်ချက်စားဖို့ရန်အတွက် သော်လည်းကောင်း၊ ဈေးကွက်အတွင်း ရောင်းချရန်သော်လည်းကောင်း အပင်အဖြစ်မြန်ပြီး စိုက်ပျိုးသင့်သည့် ဟင်းရွက်ပင်အမျိုးအစားဖြစ်ကြောင်း ဦးအေးကိုကရှင်းပြသည်။ ဟင်းနုနွယ်ရွက်ပင်အား သပ်သပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးခြင်း၊ ကြက်သွန်ခင်း၊ ငရုပ်ခင်း၊ ပြောင်းဖူး၊ ပဲအမျိုးမျိုးအခင်း များထဲတွင် သီးညှပ်စိုက်ပျိုးကြပြီး ဟင်းနုနွယ်ရွက်ခင်းသီးသန့်စိုက်ပျိုးပြီးရောင်းချမှုများလည်း ရှိကြောင်းသိရသည်။ ဟင်းနုနွယ်ရွက် စိုက်ပျိုးခြင်းသည် ဟင်းနုနွယ်မျိုးစေ့အား တိုက်ရိုက်ကြဲပြီး စိုက်ပျိုးကြကာ လေးငါးရက်ဖြင့် အပင်ပေါက်များပေါက်လာကြောင်း၊ ဆယ့်ငါးရက်ခန့်ကြာလျှင် ခူးပြီးရောင်းချကြကြောင်းသိရသည်။ ဟင်းနုနွယ်ရွက်များအား သုံးရက်တစ်ခါခူးပြီးရောင်းချရကာ တစ်ပိဿာဖောက်သည်ဈေး ၈၀၀ ကျပ် ရရှိပြီး ကိုယ်တိုင်ရောင်းချပါက တစ်ပိဿာ ၁၀၀၀ ကျပ်ရရှိကြောင်းသိရပြီး အပင်အဖြစ်မြန်ပြီးဈေးကွက်အတွင်း အမြန်ရောင်းချနိုင်သည့် ဟင်းနုနွယ်စိုက်ပျိုးခြင်းအား စီးပွားဖြစ်စိုက်ပျိုးခြင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေရရှိနေကြကြောင်းသိရသည်။

ဒီပါလင်း