သိန္နီ မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မှတ်ပုံတင်သက်တမ်းရှိသော မြို့နယ်အဆင့် အသင်းအဖွဲ့များအား အသင်းအဖွဲ့ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက မြန်မာနိုင်ငံရှိ ပရဟိတအဖွဲ့အစည်း (NPO)များနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုအဖွဲ့ (FATA)က ထုတ်ပြန်ထားသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ နည်းပညာပိုင်း လိုက်နာဆောင်ရွက်မှု စံနှုန်းသတ်မှတ်ချက်ပါ အကြံပြုချက်အမှတ် 8.2(B)နှင့်အညီ အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာ တွင် NPO များကို အလွဲသုံးစားပြုမခံရစေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြယ်စင်အလင်းမသန်စွမ်းသူများအသင်းဝင်များ၊ မျှော်လင့်ရာမိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများ၊ လားဟူစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ အနှိုင်းမဲ့လူမှုရေးအသင်းဝင်များ၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)