ညောင်ဦးမြို့နယ် ကန်ဦးတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

ညောင်ဦး  မတ်  ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်း ကန်ကျဲကျေးရွာမြောက်ဘက်ရှိ ကန်ဦးတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီအချိန်ကညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ကန်ဦးတဲတိုက် သို့သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ကန်ကျဲကျေးရွာမြောက်ဘက်ရှိ ကန်ဦးတဲတိုက်သို့ဝေမျှခြင်းမိသားစု ကသောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း