သိန္နီ မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ၁၃၈၄ ခုနှစ် (၂၀၂၃ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် (၁၃−၄−၂၀၂၃)ရက်နေ့မှ (၁၇−၄−၂၀၂၃)ရက်နေ့အထိ နှစ်သစ်ကူးမြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ရည်ရွယ်၍ အစည်းအဝေးအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အတာသင်္ကြန်ပွဲတော်၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပွဲ၊ သက်ကြီးပူဇော်ပွဲများ၊ ကျွေးမွေးမည့်အစီအစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)