တံတားမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နိုင်ရေးနှင့် ဓာတ်အားလိုင်းမလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းပြုလုပ်

တံတား မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများဖြင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းကကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းများတွင် တံတားမြို့နယ် မြို့မမိန်းလမ်းမကြီးတစ်လျှောက်ရှိ မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေးအတွက် စင်တီမီတာ၊ ပါဝါမီတာ၊ အိမ်သုံးမီတာများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများမရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေးနှင့် ဓာတ်အားလိုင်းမလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)