ရန်ကုန် မတ် ၃၁
ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ်နှစ်သစ် မင်္ဂလာအခမ်းအနားကို ဧပြီ ၁၇ ရက် (တနင်္လာနေ့)၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နံနက်(၅)နာရီအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေနံ့သာများဖြင့် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၅ နာရီခွဲအချိန်တွင် သြဝါဒါစရိယဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပခြင်းနှင့် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်များနာကြားခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းစသည့် ကောင်းမှုအစုစုတို့ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူ ပြည်သူများမှ အနုမောဒနာပြုနိုင်ကြပါရန်နှင့် ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်ကြပါရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)