ညောင်ဦး မတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်တူညီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်၌ ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရှိဝန်ထမ်းများအား နှစ်သစ်ကူးလက် ဆောင်ဝတ်စုံပေးအပ်ပွဲအခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်မှစတင်ပြီး၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အ စည်းအသီးသီးနှင့်ချိတ်ဆက်ကာ မြို့ဝင်/မြို့ထွက်ဂိတ်များ၊ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ Quarantine Centreများတွင် တာဝန်ထမ်းဆောင်ခြင်း၊ ဝေးလံခေါင်ဖျားသည့် ကျေးရွာများအရောက် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်ခဲ့ပြီး ဌာနမှပေးအပ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ခဲ့ခြင်းများသည် သမိုင်းစာမျက်နှာထက်တွင် ကျန်ရှိနေပြီဖြစ်ကြောင်း အမှာစကားပြောကြားကာ နှစ်သစ်ကူး လက်ဆောင်ပစ္စည်းများဖြစ်သည့် အရာထမ်း၊ အမှုထမ်း (၁၅၂)ဦးအတွက် ပုဆိုးနှင့်စတစ်အင်္ကျီများ၊ အမျိုးသမီးဝတ် ဝမ်းဆက်ဝတ်စုံများပေးအပ်ခြင်းနှင့် ရပ် ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ပုဆိုး(၉၂)ကွင်း နှစ်ကူးလက်ဆောင်ပေးအပ်ခဲ့ကာ၊ အရာထမ်း၊အမှုထမ်း (၁၅၂)ဦးအား တစ်ဦးလျှင် ဆီ(၅၀)ကျပ်သား၊ အာလူးတစ်ပိဿ၊ ကြက်သွန်နီ တစ်ပိဿာစီကိုလည်း ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ကပေး အပ်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း