စမ်းချောင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် သံဃာနှင့်သီလရှင်(၃၆၁)ပါးအား ဆွမ်းစရိတ်ငွေများ ဆက်ကပ်လှူဒါန်း

စမ်းချောင်း မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် သံဃာနှင့်သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်‌နေ့မွန်းလွဲပိုင်းအချိန်တွင် ဆွမ်းစရိတ်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။           

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ   ပထမကြီးတန်းဖြေဆိုသူသံဃာ(၉၆)ပါးနှင့်  သီလရှင်(၁၈)ပါး၊ စုစုပေါင်း(၁၁၄)ပါးအတွက် တစ်ပါးလျှင်တစ်ရက် ၂၀၀၀/-ကျပ်နှုန်းဖြင့် ()ရက်အတွက် ငွေကျပ်(၁၅၉၆၀၀၀/-)၊ ပထမလတ်တန်းဖြေဆိုသူ သံဃာ(၄၇)ပါးနှင့် သီလရှင်(၂၁)ပါး၊ စုစုပေါင်း(၆၈)ပါးအတွက် တစ်ပါးလျှင် တစ်ရက်၂၀၀၀/-ကျပ်နှုန်းဖြင့် (၆)ရက်အတွက် ငွေကျပ်(၈၁၆၀၀၀/-)၊ ပထမငယ်တန်းဖြေဆိုသူ သံဃာ(၈၇)ပါးနှင့် သီလရှင်(၁၀)ပါး၊ စုစုပေါင်း(၉၇)ပါးအတွက် တစ်ပါးလျှင် တစ်ရက်၂၀၀၀/-ကျပ်နှုန်းဖြင့် (၅)ရက်အတွက် ငွေကျပ်(၉၇၀၀၀၀/-)၊ အခြေပြုမူလတန်းဖြေဆိုသူ သံဃာ(၇၄)ပါးနှင့် သီလရှင်(၈)ပါး၊ စုစုပေါင်း(၈၂)ပါးအတွက် တစ်ပါးလျှင် တစ်ရက်၂၀၀၀/-ကျပ်နှုန်းဖြင့် ()ရက်အတွက် ငွေကျပ် (၆၅၆၀၀၀/-)တို့ကို မြို့နယ်သံဃာ့နာယကအဖွဲ့၊ စာဖြေကြီးကြပ် ဆရာတော်ကြီးများထံသို့     စုစုပေါင်း စာဖြေသံဃာနှင့်သီလရှင်(၃၆၁)ပါးအတွက်  ဆွမ်းစရိတ်ငွေကျပ် (၄၀၃၈၀၀၀/-)အား   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နီလာစိုး