မဟာသင်္ကြန်ကာလအတွင်း ရွှေတိဂုံစေတီတော် ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်သစ်မင်္ဂလာအခမ်းအနား ကျင်းပမည်

ရန်ကုန် မတ် ၃၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလအတွင်းဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပသွားမည်ဖြစ်​ကြောင်း ယ​​နေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြိုတင်အသိပေးပြောကြားခဲ့သည်။

နှစ်သစ်မင်္ဂလာအခမ်းအနားကို သင်္ကြန်ပွဲတော်ကာလအပြီး ဧပြီလ ၁၇ ရက်နေ့  မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နံနက်ပိုင်းအရုဏ်တက်အချိန်အခါကစ၍ သံဃာတော်သြဝါဒစရိယဆရာတော်များအား အရုဏ်ဆွမ်းကပ်လှူဒါန်းခြင်း၊ စေတီတော်ကြီး၏ ရှေးဟောင်းဗုဒ္ဓတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားဖွင့်ပွဲ နှင့်အလှူပွဲတွေကို ပြုလုပ်သွားမည်ဖြစ်​ကြောင်းနှင့် နေ့စဉ်နံနက် ၅ နာရီမှ ညနေ ၈ နာရီအချိန်အတွင်း ဘုရားပရဝုဏ်ကို ဖွင့်လှစ်ပေးထားမည်ဖြစ်​ကြောင်း သိရသည်။

စန္ဒာမိုး