လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်စစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

လှိုင်သာယာ(အရှေ့ပိုင်း) မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရန်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၅)လမ်းမကြီးနှင့်ကျန်စစ်သားလမ်းမကြီးတို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ယာဥ်အန္တရာယ်ကင်းရှင်းစေရန်  ရန်ကုန်-ပုသိမ်လမ်း၊ အမှတ်(၅)လမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့် ယာဥ်များမှ ယာဥ်မောင်းသူများကိုယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဥ်မောင်းနှင်သူတစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များအားသိရှိလိုက်နာရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ယာဥ်များအားမောင်းလိုင်စင်မပါခြင်း၊ Wheel Tax သက်တမ်းလွန်ခြင်း၊ သတ်မှတ်စည်းကမ်းမလိုက်နာခြင်း၊ မောင်းလိုင်စင်သက်တမ်းလွန်ခြင်း၊ မီးနီဖြတ်ခြင်း၊ ဖောင်းကြွနံပါတ်ပြားမလဲသေးသည်များအမြန်လဲဆောင်ရွက်ခြင်း၊ ချလံဖြတ်ဖမ်းဆီးခြင်း၊ စည်းကမ်းပျက်ယာဥ်များအားစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းကို ယာဥ်ထိန်းဒုရဲမှူးဦးစိုးညွန့်နိုင်ပါ(၄)ဦး ဦးဆောင်၍ ခလရ(၈၂)မှတပ်ကြပ်ကြီးတင်ဝင်းပါ(၂)ဦးတို့က စည်းကမ်းပျက်ယာဥ်များကို စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)