ညောင်ရွှေမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို

ညောင်ရွှေ မတ် ၃၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၃-ခုနှစ် (၁၃၈၄-ခု) အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ် ညောင်ရွှေမြို့ ရွှေရတုဆွမ်းစားကျောင်း၌   ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဆက်လက်ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယ (မြန်မာဂုဏ် ထူးတန်း)၌ သံဃာတော်(၂)ပါး၊ ပထမကြီးတန်း၌ (၃၆)ပါး၊ ပထမလတ်တန်း၌(၆၈)ပါး၊ ပထမငယ်တန်း၌ (၁၂၀)ပါး၊ အခြေပြုမူလတန်း၌ (၂၀၃)ပါး၊ စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် ဆရာလေး (၄၂၉)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ စာမေးပွဲကျင်းပမည့်ကာလမှာ ဧပြီလ (၃)ရက်နေ့ အထိဖြစ်ကြောင်း၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် စာဖြေသံဃာတော်များ၊ စာပွဲတော်ဆိုင်ရာလူပုဂ္ဂိုလ်များအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ