ညောင်ရွှေ မတ် ၃၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား သင်ကြားရေးစွမ်းဆောင်ရည် မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ သင်တန်းသား ဆရာ/ဆရာမ (၁၀၇၄) ဦးတို့အား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၃၆) ဦးတို့မှ ဘာသာရပ်အလိုက် အခန်းများခွဲ၍ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၄ ရက်ကြာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ စုံစမ်းသိရှိရသည်။
စိုင်းအယ်ဘဲ