ကျိုင်းတုံ မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင်းခြင်းကို ယမန်နေ့က မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများနှင့် တာဝန်ရှိသူများ စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူနှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်နည်းစနစ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများသိရှိနိုင်စေရန်အတွက် အသေးစိတ်အသိပညာပေး ရှင်းလင်းဟော ပြောသည်။
ထို့နောက် မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားများဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ဈေးသူဈေးသားများအား လက်တွေ့ဇတ်တိုက်မီးငြှိမ်းသတ်ခြင်းများ စုပေါင်းလေ့ကျင့် ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)