တောင်ကုတ် မတ် ၃၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ (၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲတွင် ပါဠိဂုဏ်ထူးကို ဖြေဆိုသံဃာ(၃)ပါးကလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်းတွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ဖြေဆိုရန်စာရင်းရှိ(၃၉)ပါးရှိသည့် အနက်(၂၉)ပါး ကလည်းကောင်း၊ အခြေပြုမူလတန်းတွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသံဃာ(၇၄)ပါးရှိသည့်အနက်(၄၅)ပါးကလည်းကောင်း၊ပထမကြီးတန်းတွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကိုဖြေဆိုရန်စာရင်းရှိသံဃာ(၇)ပါးရှိသည့်အနက် (၄)ပါးက လည်းကောင်း၊ ပထမလတ်တန်းတွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို ဖြေဆိုင်ရန်စာရင်းရှိသံဃာ(၈)ပါးရှိ သည့်အနက် (၃)ပါးဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ မှသိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)