ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများသို့လှည့်လည်ကြည့်ရှုစစ်​ဆေး

စစ်တွေ    မတ်   ၃၁

ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနများသို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့သည်။

ဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသဆောင်၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်းကုသဆောင်၊ ကလေးဆေးကုသဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှုခံယူနေသည့် ပြည် သူလူထုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပါသည်။ ထို့နောက် ဆေးရုံမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား ယခုလို တွေ့ဆုံရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါ ကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့်ဆေးဝါးများ၊ ဓာတ်ခွဲဓါတ်မှန် ကုန်ကျစရိတ်များအတွက် နိုင်ငံ တော်က အလုံအလောက်ထောက်ပံ့ပေးထားသည့်အတွက် အကျိုးရှိ အောင် အသုံးချရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ထမ်းများ အတွက် ချီးမြှငွေများ၊ ထောက်ပံ့ငွေများ စရိတ်များထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထုများ ကျန်းမာရေးအတွက် ဘက်စုံထောင့်စုံမှကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ ရေး၊ ရေစီးရေလာကောင်းမွန်ရေးစီစဉ်ဆောင်ရွက်သွားကြ ရန်လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက်တက်ရောက်လာကြသူများက လိုအပ်သည်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက်ချီးမြှင့်ငွေပေး အပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေသူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သင်တန်းသား၊ သင်တန်း သူများ၏ တင်ပြချက်များကိုဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ် အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသို့ သွားရောက်ကာ အဆောက်အဦး ဆောက်လုပ်ပြီးစီးမှုအခြေအနေများ ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)