လွိုင်လင် မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ကျက်သရေဆောင်မြကန်သာရေကန်တွင် သင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းမြေ့စွာအပမ်းဖြေအနားယူနိုင်ရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများမှ ဆောင်ရွက်ကြသည်။
မြကန်သာရေကန်သည် လွိုင်လင်မြို့၏ အထင်ကရနေရာဖြစ်၍ ပြည်သူများအပမ်းဖြေအနား ယူနိုင်သည့်နေရာလည်းဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြရန်ပုံငွေများဖြင့် ရေကန်ပတ် လမ်းတစ်လျှောက် ကွန်ကရစ်လမ်းများခင်းခြင်း၊ ဆိုလာမီးတိုင်များ တပ်ဆင်ထားပြီးဖြစ်သည်။ ရေကန်ပတ်လမ်းတစ်လျောက်နံဘေးရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ ကန်အတွင်းမှ မှော်ပင်၊ ဒိုက်ပင်၊ ကျူပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အပတ်စဉ်သောကြာနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ယနေ့ မတ်လ ၃၁ ရက်နေ့အထိ ရာနှုန်းပြည့်နီးပါးဆောင်ရွက်ပြီးစီးပြီး၊ သန့်ရှင်းသာယာလှပလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်