ရန်ကုန် မတ် ၃၁
ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး ထီးတော်၊ ကိုယ်လုံးတော်၊ အရံစေတီတော်များအား ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းကပ်လှူပူဇော်ရေးလုပ်ငန်း ပဉ္စမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ဆူးလေစေတီတော်မြတ်ကြီး၏ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှူးဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆူးလေစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာအခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ကြပြီး ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး ပဥ္စမအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် အလှူရှင်များကအလှူငွေနှင့် အလှူပစ္စည်းများပေးအပ်လှူဒါန်းကြရာ
အရံစေတီ(၄)ဆူအတွက် လှူဒါန်းငွေကျပ် ၈၆၁၄၀၀၀၀/ကျပ်၊ ရွှေစင်(၆၀)ကျပ်သားအတွက် လှူဒါန်းငွေ (၆၀×၂၄သိန်းနှုန်း)အတွက် ကျပ်၁၄၁၂၀၀၀၀၀/နှင့် US$1000(US$1×2800နှုန်း)၊ ကျပ်(၁၀)သိန်းနှင့်အထက်အလှူရှင်(၈)ဦးက လှူဒါန်းငွေကျပ် ၁၂၂၃၇၅၀၀၊ ရွှေသင်္ကန်းကပ်လှူရန် လှူဒါန်းငွေ(ကျပ်၁၀သိန်းအောက် လှူဒါန်းငွေ)ကျပ် ၅၁၅၂၀၂၀၀/၊ ရွှေသင်္ကန်းအလှူခံပုံးမှရငွေကျပ် ၂၄၂၇၈၀၀/-၊ အရံစေတီ(၁၀၆)ဆူစလင်းစိန်ဖူးတော်ထီးတော် စတီးပန်းလည်တိုင်အတွက် ပစ္စည်းလှူဒါန်းငွေကျပ် ၈၂၅၀၀၀၀၀/၊ ရွှေစင်ရွှေတုံးလှူဒါန်းမှုတွင်ရွှေ(၇)ကျပ်သားနှင့် ရွှေစင်(၅)ကျပ်သားရှိဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်(၁)ခု၊ အလှူရှင်(၁၁)ဦးမှ ရတနာပစ္စည်း(၁၄)မျိုး ကာလတန်ဖိုးငွေကျပ် ၂၄၁၄၅၀၀၀/နှင့် အဆိုပြုလှူဒါန်းငွေမှပေးသွင်ရန်ကျန်ငွေကျပ် ၇၄၁၉၅၀၀၀/၊ စုစုပေါင်းလှူဒါန်းရရှိငွေမှာ
ကျပ် ၂၉၃၅၂၅၅၀၀ နှင့် US(1000)တို့ကိုပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)