ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေးစားစက်မှု လက်မှုလုပ်ငန်းများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မောင်တော    မတ်  ၃၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းတွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊  မီးလန့်မှုမဖြစ်ပွားစေရေးနှင့်   မတော်တဆမီးလောင်မှု ဖြစ်ပွားပါကလည်း၊ မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝါယာ ကြိုးများအား စနစ်တကျသွယ်တန်း တပ်ဆင် အသုံးပြုကြရန်၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက  တတ်ကျွမ်းနားလည်သူများနှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦး မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိစေရေး၊ မီးဘေးမပေါ့ဆကြရန်နှင့် မီးသတ်ဦးစီးဌာနမှ သတ် မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါကမီးငြှိမ်းသတ်ဆေးဘူးများထားရှိ အသုံးပြုတတ်စေရေးတို့ကိုအကြုံပြုကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)