ကျောက်ဆည် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေ(၃)နာရီခွဲက ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီး ဌာနသို့ သွားရောက်ပြီး စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်ဖတ်ရှုလိုသော်လည်း မိမိတို့ဌာနလုပ်ငန်းတာဝန်များဖြင့် မအားလပ်သောကြောင့် ငှားရမ်းပေးရခြင်း ဖြစ်ကြောင်း၊ ငှားရမ်းပေးသည့်အခါတွင်လည်း သုရစာပေ၊ရသစာပေမျိုးစုံး၊ လူကြီး၊လူငယ်အရွယ်စုံ ဖတ်လို့ရသောစာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် စာပေများဖတ်ရှုလေ့လာခြင်းဖြင့် စာအုပ်စာပေများနှင့်ရင်းနှီးစေပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် မိုဘိုင်းနယ်လှည့်စနစ်ဖြင့် အခမဲ့ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)