ဘူးသီးတောင်မြို့၌ ၂၀၂၃ ခုနှစ်၊ စိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟဘာသာအား ဆက်လက်ဖြေဆို

ဘူးသီးတောင် မတ် ၃၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ခု၊ အစိုးရပဠိပထမပြန် စာမေးပွဲကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၈ ရက်နေ့ ကစတင်ကျင်းပလျက်ရှိရာ ယနေ့နေ့လယ်(၁၂)နာရီအချိန်က ရဟန်း၊ သံဃာ၊ သာမဏေ ၁၄ပါးတို့က အဘိဓမ္မတ္ထသင်္ဂဟဘာသာအား ဆက်လက်ဖြေဆိုလျက်ရှိသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခွင့်စာရင်းရှိ ၂၅ ပါးအနက်၊ အခြေပြုမူလတန်း ၈ ပါး နှင့် ပထမငယ်တန်း၂ ပါး၊ ပထကြီးတန်း ၁ ပါးဖြေဆိုပျက်ကွက်ခဲ့ပြီး၊ ပထမအကြီးတန်းတွင် ၁ ပါး၊ ပထမအငယ်တန်းတွင် ၆ပါး၊ အခြေပြုမှုလတန်း ၇ ပါးတို့က အဘိဓမ္မတ္ထသင်္ဂဟဘာသာ အားယနေ့၊ နေ့လယ် (၁၂) နာရီမှ ညနေ(၃)နာရီအထိ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ထိုသို့ စာဖြေရဟန်း၊ သံဃာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများကို ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ကနဝကမ္မဝတ္ထု ပစ္စည်းများနှင့် အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)