ဆွမ်ပရာဘွမ် မတ် ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်မည့် ပြည်သူများအား မတည်ရင်းနှီးငွေထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းသော ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးမြင့်တက် လာစေရန်အတွက် ရည်ရွယ်လျက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဖြင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်မည့်ပြည်သူများအား အရင်းမပျောက်မတည်ငွေ ထောက်ပံ့ပေးအပ်မှု လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြာပြီး မြို့နယ်မွေး/ကုဦးစီးဌာနမှ တာဝန်ခံ ဦးမဂွေလက မတည်ငွေထုတ်ချေးပေးခြင်းလုပ်ငန်းစဥ်များ၊ မွေးမြူရေးလုပ်ငန်းစဥ် အဆင့်ဆင့်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မွေးမြူရေးမြစိမ်းရောင် စီမံကိန်း ကြီးကြပ်မှုကော်မတီများထံ အရင်းမပျောက်မတည်ငွေ သိန်း(၂၀၀)ကျပ်ကို လွှဲပြောင်းပေးအပ်ရာ ကော်မတီများက မွေးမြူရေးလုပ်ကိုင်မည့် ပြည်သူစုစုပေါင်း (၆၁)ဦးတို့အား အရင်းမပျောက်မတည်ငွေများကို ဆက်လက်ဖြန့်ဝေထုတ်ချေးပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မွေး/ကုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)