သံတွဲမြို့၌ ၁၃၈၄ ခုနှစ်၊မဟာသင်္ကြန်စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သံတွဲ  မတ်   ၃၁

သံတွဲမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁း၃၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ကျင်းပရေး လုပ်ငန်းကော်မတီများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌ ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို သံတွဲမြို့ပြည်သူ့ဆေးရုံရှေ့တွင် လည်းကောင်း၊ ဖျော်ဖြေရေးမဏ္ဍပ်ကိုငပလီမြို့၌လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယိမ်းအကအလှအဖွဲ့များ၊ The One Music Band နှင့် Stranger Music တေးဂီတအဖွဲ့များ ကဖျော်ဖြေပေးမည်ဖြစ်ကြောင်း၊ ယိမ်းပြိုင်ပွဲများကို လာမည့် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်