အမ် မတ် ၃၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် အချိန် ကလူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့် မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူ လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသော ဗလငါးတန် ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများကြွယ်ဝပြီး ဉာဏ်ရည်ထက် မြက်လာစေရန်၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိ လာစေပြီး အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း ယခုလိုနွေရာသီကျောင်း ပိတ်ရက်ကာလ၌ သားတို့သမီးတို့အနေဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို လိုချင်စိတ်ရှိရှိနှင့် တက်ရောက်လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း သင်တန်းဖွင့် လှစ်နိုင်ရေးအတွက် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှား ကျင်းပရတဲ့အတွက် သင်တန်းကာလ ပြီးမြောက်သည်ထိ တက်ရောက်ကြတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း အင်္ဂလိပ်စာဘာသာရပ်ကို လူငယ်တိုင်းလေ့လာသင်ယူတတ် မြောက်ထားသင့်သည့် ဘာသာရပ်ဖြစ်၍ အစွမ်းကုန်ကြိုးစားသင်ကြားပေးကာ အင်္ဂလိပ်စာနှင့်ပတ်သက်၍ (၁၀ ) ရက်တာကာလကို ထိထိရောက်ရောက်သင်ကြားနိုင်ရေး မှတ်မိလွယ် အောင်ကဗျာများ ဖြင့် ဆောင်ရွက်ပေးပါသော ဆရာမဒေါ်ထက်ထက်ထွန်းအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး လူငယ်အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက သင်တန်းနည်းပြ ဆရာမဒေါ်ထက်ထက်ထွန်း အားပညာဒါနအဖြစ် သင်ကြားပေးမှုအားအသိအမှတ်အဖြစ် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် သင်တန်းသား များအား သင်တန်းစာအုပ်များလက်ဆောင်ပေးအပ်ရာ သင်တန်းသူများက လက်ခံ့ရယူခဲ့ကြောင်းသိရသည်။
နွေရာသီကာလအတွင်း ယနေ့ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းကို (၂၂-၃-၂၀၂၃) ရက်နေ့မှ (၃၀-၃ -၂၀၂၃)နေ့ထိ ရက်သတ္တတစ်ပတ်ကျော်တစ်နေ့ နှစ်နာရီနှုန်းဖြင့်သင်ကြားခဲ့ရာ သင်တန်း သား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်းပြန်/ဆက်