လှိုင် မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့ချရေးနှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိစေးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး တစ်လျှောက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ လျှပ်စစ်အင်ဂျင်နီယာ ဦးစီးအဖွဲ့မှ ၆.၆ ကေဗွီ စကားဝါမီဒါပေါ်ရှိ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အေးရိပ်မွန်လမ်းမကြီးနှင့် စကားဝါလမ်းမပေါ်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင်(ပြန်/ဆက်)