လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ ကွန်ပျုတာသင်တန်းဆင်းပွဲကျင်းပ

ကော့မှူး မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်‌၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက အခမဲ့အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်လှိုင်(မြိုင်တင်လှိုင်)နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်တို့က သင်တန်းသား/ သင်တန်းသူများအနေဖြင့် အခြေခံတက်မြောက်ပြီးဖြစ်သော်လည်း ဆက်လက်လေ့လာသင်ယူကြရန်‌ ကွန်ပျူတာအခြေခံပညာရပ်များအား‌ ပြောကြားခဲ့သည်။ ဆက်လက်၍ ကွန်ပျူတာဆရာမဒေါ်မျိုးမျိုးသူအား  ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က အမှတ်တရလက်‌ဆောင်များပေးအပ်ခဲ့သည်။

ထို့နောက်သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား/သင်တန်းသူများကို မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများကဆုများပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး