မြေပုံ မတ် ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အစိုးပါဠိပထမပြန်စာမေးပွဲ ပထမအကြီးတန်း၊ ပထမအလတ်တန်း၊ ပထမအငယ်တန်းနှင့် အခြေပြုမူလတန်းတို့ကို ယနေ့ (တတိယနေ့) နေ့လယ် (၁၂) နာရီအချိန်က ကံသာထွက်ဝရပ်ကွက်ရှိ အလက(ခွဲ)ကျောင်း၌ ကျင်းပ/စစ်ဆေးဖြေဆိုလျက်ရှိသည်။
ပါဠိပထမပြန်စစ်မေးပွဲ ကျင်းပစစ်ဆေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်ဦးဆောင် ၍ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ လမ်းညွှန်မှုကို ခံယူကာ ဌာနဆိုင်ရာများ၊ မြို့နယ်ဥပဌာကအဖွဲ့နှင့် မြို့မိ/မြို့ဖတို့ပူးပေါင်း ၍ စာစစ်ကြီးကြပ် ဆရာတော်ကြီးများ၊ စာဖြေရဟန်း/သာမဏေများ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ပြည့်ပြည့်စုံစုံဖြင့် အေးချမ်းစွာစာမေးပွဲကျင်းပစစ်ဆေးဖြေဆိုနိုင်ရန် ဆောင်ရွက်ထားရှိသည်။
မြေပုံမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစစ်ဆေးရာ၌ ပထမကြီးတန်းတွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာကိုရဟန်း/သာမဏေဖြေဆို (၁၃)ပါးနှင့် ပျက်ကွက်(၄)ပါး၊ ပထမလတ်တန်းတွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ရဟန်း/သာမဏေဖြေဆို(၃)ပါးနှင့် ပျက်ကွက်(၁)ပါး၊ ပထမငယ်တန်းတွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ရဟန်း/သာမဏေဖြေဆို(၃၃)ပါးနှင့် ပျက်ကွက်(၁)ပါးနှင့် အခြေ ပြုမူလတန်းတွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ရဟန်း/သာမဏေဖြေဆို(၂၆)ပါး၊ ပျက်ကွက်(၁၀ ပါးရှိပြီး ရဟန်း/ သာမဏေ(၇၅)ပါးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တင်ဝင်း