သာစည် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းစဉ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းလုပ်ငန်းစဉ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများကလည်းကောင်း သင်တန်းကာလနှစ်ရက်အတွင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ စာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ စုစုပေါင်းသင်တန်းသား ၉၅ ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)