မတ္တရာ မတ်၃၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ တတိယနေ့တွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကို ယနေ့ နေ့လည် ၁၂နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခ ကျောင်းတိုက်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ(၂၂၇)ပါး ရှိပြီး ပထမကြီးတန်း ရှင်ရဟန်း (၃၇)ပါး၊ ပထမလတ်တန်း ရှင်ရဟန်း (၃၃)ပါး၊ ပထမငယ်တန်း ရှင်ရဟန်း (၅၉)ပါး၊ အခြေပြုမူလတန်း ရှင်(၅၁)ပါး၊ စုစုပေါင်း( ၁၈၀)ပါး (၇၉ ဒသမ၃၀)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၇)ပါးဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ ပါဠိပထမ ပြန်စာမေးပွဲ ကျင်းပရာသို့ တိုင်းကြီးကြပ် ရေး ဆရာတော်များ၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် အဖွဲ့ဝင်များမှကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအု်ပချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ နေ့ဆွမ်းအလှူရှင်၊ အအေးအလှူရှင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား မတ်လ (၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)