ရသေ့တောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်း ရောင်စီမံကိန်း ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ရသေ့တောင် မတ် ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည် ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးမြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း မျိုးရေးနည်းပညာများလိုအပ်ကြောင်း မျိုးစေ့ကောင်းရန်၊ ရေရှိရန် ရေကို ရွေတာရန်၊ ခေတ်မီနည်းပညာများလိုအပ်ကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် စိုက်ပျိုးရေးကဏ္ဍမြစိမ်းရောင်ကျေးရွာမြို့နယ် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်‌ဝင်းမောင်စိုက်ပျိုးရေး မြစိမ်းရောင်ချေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် စီမံကိန်းစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ရှင်းလင်းပြေားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးကဏ္ဍတွင် ဆောင်ရွက်ကြမည့် မင်းဖူး‌ကျေးရွာနှင့်ခနောင်းကြီး ကျေးရွာ (၂)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၆၀၀)အား မြို့နယ် စီမံကိန်းကော်မတီမှ စီမံကိန်းကျေးရွာကြီးကြပ်မှုကော်မတီထံသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရန်ပုံငွေဖြင့်အကောင်အထည် ဖော်ဆောင် ရွက်ကြမည့် ကျေးရွာကြီးကြပ်မှုကော်မတီများနှင့် ကော်မတီအဖွဲ့ဝင်များစုစုး(၆၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)