ကျိုက်ထို မတ် ၃၀
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကမ်းရိုးတန်းဒေသ တောင်သူလယ်သမား (CFDA) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာကပ်ကျော် ဘုရားဓမ္မာရုံ၌ စိုက်ပျိုးရေးဆိုင်ရာနည်း ပညာဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
နည်းပညာဆွေးနွေးပွဲတွင်(FDA)အဖွဲ့ဝင် ဦးကျော်မင်းနိုင်က ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ် (SRP)အကြောင်းကို ဆွေးနွေးပြောကြားပြီး ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဝင်းက မျိုးစေ့ထုတ်စိုက်ပျိုးရခြင်းအကြောင်း နှင့်မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများ၊သဘာဝ မြေဩဇာပြုလုပ်ထည့်သွင်းခြင်းအကြောင်းများအား ဆွေး နွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကမ်းရိုးတန်းဒေသ တောင်သူလယ်သမား(CFDA)အဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာရှိတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)