ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တူး​မြောင်း​​ကျေးရွာအုပ်စု၊ ကျိုက်​ဒေတ​မော့ဗရတ်သာသနာပြု နယ်​မြေ(ကိုရင်​​လေး)​ကျောင်းသို့ ​သောက်သုံး​ရေများ သွား​ရောက်လှူဒါန်း

​ရေး မတ် ၃၀

မွန်ပြည်နယ်၊ ​​ရေးခရိုင်၊ ရေးမြို့နယ် မီးသတ်ဦးစီးဌာနသည် ​တူး​မြောင်း​ကျေးရွာအုပ်စု၊ ကျိုက်​ဒေတ​မော့ဗရတ်သာသနာပြုနယ်​မြေ(ကိုရင်​လေး) ​ကျောင်းသို့ ယမန်​နေ့ ည​နေပိုင်းကသောက်သုံး​ရေများ သွား​ရောက်လှူဒါန်းခဲ့​ကြောင်း သိရသည်။

အဆိုပါ ကိုရင်း​လေး​ကျောင်း၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စား​မေးပွဲလာ​ရောက်ဖြေဆို​နေကြသည့် သံဃာ​တော်များနှင့် ဆရာ​လေးများသောက်သုံး​ရေ အခက်အခဲဖြစ်​ပေါ်မှု မရှိ​စေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရန်မီးသတ်အဖွဲ့ဝင်များ ပူး​ပေါင်းပြီး မီးငြိမ်းသတ်ယာဥ်၊ ​ရေသယ်ယဥ်တို့ဖြင့် ​သောက်သုံး​ရေ ၆၈၀၀ ဂါလန် လှူဒါန်း​​ပေးနိုင်ခဲ့​ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ​ပြောကြားခဲ့သည်။

​မြို့နယ် (ပြန်/ ဆက်)