ပေါင် မတ် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှစ်ဆုံးအကဲ ဖြတ်စစ်ဆေး ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်က ပေါင်မြို့နယ်အတွင်းရှိ စာမေးပွဲကျင်းပရာ အခြေခံပညာကျောင်း (၃)ကျောင်းသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြီးကြပ်စစ်ဆေးရာတွင် ပြည်နယ်ကြီးကြပ်ရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ကြီးကြပ်ရေးမှုး ဦးကေဟိုပိန်၊ မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများက သွားရောက်ကြီးကြပ်၍ ဖြေဆိုနေကြသူများကို အားပေးစကားများ ပြောကြားခဲ့သည်။
ပေါင်မြို့နယ်တွင် (အ.မ.က)ကတွန်၊ (အ.မ.က) ကျုံက ကရင်၊ ဇင်းဘာ(NFPE) အခြေစိုက်စခန်းတို့ရှိ Leavl (1)၊ကျောင်းသားကျောင်းသူ (၂၃)ဦး၊ Leavl (2)ကျောင်းသားကျောင်းသူ (၁၀)ဦးစုစုပေါင်း ကျောင်းသားကျောင်းသူ (၃၃)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး မတ်လ (၃၀)ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ (၂)ရက်ကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)