မိုးနဲမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးနဲ မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ၊ ရေရရှိရေး ဆောင်ရွက်မှု၊ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖွင့်ပွဲ/ပိတ်ပွဲ အစီအစဥ်များအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဖျော်ဖြေရေးအစီအစဥ်များ၊ လုံခြုံရေးကဏ္ဍများ၊ နှစ်ဆန်းတစ်ရက်နေ့  သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်မည့် အစီအစဥ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် မဟာသင်္ကြန်ပွဲတော်ကာလနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ဆောင်ရွက်မည့် အစီအစဥ်များနှင့် ဆောင်ရွက်ရန်အစီအစဥ်များကို ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူး ကာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)