ပုဗ္ဗသီရိမြို့နယ်၌ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပုဗ္ဗသီရိ မတ် ၃၀

ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ အသင်းအဖွဲ့များအား အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အသင်းအဖွဲ့များအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ မှတ်ပုံတင်ရေး၊ မှတ်ပုံတင် သက်တမ်းတိုးရေးနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံခြင်းကိစ္စ ရပ်များနှင့်ပတ်သက်၍ အသင်းအဖွဲ့များအပေါ် အလွဲသုံးစား ပြုခြင်းမခံရစေရေးသတိပြုရန်နှင့် ဥပဒေ၊ နည်းဥပဒေများ ကိုသိရှိလိုက်နာစေရေး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ​​မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး  အေးစိုးက အသင်းအဖွဲ့များဆိုင်ရာ ဥပဒေများအားရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)