ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ချမ်းမြသာစည်  မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့်၁၂ နာရီက အ.ထ.က(၃၄) စာဖြေဌာန တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကိုမတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၊အခြေပြုမူလတန်းတွင် ဝိနည်းကျင့် ဝတ်၊ သုကုမာရမဂ္ဂဒီပနီဘာသာရပ်၊ ပထမငယ် တန်းတွင် ဘိက္ခုပါတိ မောက်ဘာသာ/ဓမ္မပဒ၊ ပထမလတ်တန်းအတွက် ဒွေမာတိကာဘာသာ/ဓမ္မပဒနှင့် ပထမကြီးတန်းအတွက် ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်များကို ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပရာ ဝတ်နည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပ စာဖြေသံဃာ ရှိရင်း (၂၇၃) ပါး၊ ဖြေဆိုသူ (၂၂၇) ပါး၊ ပျက်ကွက်(၄၆)ပါး၊ ပထမငယ်တန်း ဘိက္ခုပါတိမောက်/ဓမ္မပဒ စာဖြေသူ ရှိရင်း (၂၁၂)ပါး၊ ဖြေဆိုသူ (၁၅၉)ပါး၊ ပျက်ကွက်(၅၃)ပါး၊ ပထမလတ်တန်း ဒွေမာ တိကာ/ဓမ္မပဒ စာဖြေသူ ရှိရင်း (၆၈)ပါး၊ ဖြေဆိုသူ (၄၂)ပါး၊ ပျက်ကွက်(၃၆)ပါး၊ ပထမကြီး ဒွေမာ တိကာ/ဓမ္မပဒ စာဖြေသူ ရှိရင်း (၈၉)ပါး၊ ဖြေဆိုသူ (၇၆)ပါး၊ ပျက်ကွက်(၁၃)ပါး ဖြေဆိုခဲ့ရာ တိုင်းဒေသကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ ဝါသဝသီရိ၊ မြို့နယ်ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၊ မြို့နယ်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိဖြို့ဖများက သံဃာတော်များအတွက် ဆွမ်း၊ ကွမ်း၊ အချိုရည်များ စသည့် ဝေယျာဝစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)