တံတားဦးမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တံတားဦး မတ် ၃၀

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းကပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့နယ် အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရေး၊ ဒါ့အပြင် ယနေ့အချိန်သည် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြို့ သန့်ရှင်းသာယာလှပရေးနှင့် မိမိတို့ပတ်ဝန်းကျင်သာယာလှပရေး၊ ယာဉ်အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ စနစ်တကျ လိုက်နာဆောင်ရွက်ရေး လိုက်နာဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွဦးမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းဆိုင်ရာများကိုဆွေးနွေးပြော ကြား သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်း လင်းဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)