ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် Box Culvert တံတား(၃)စင်း ပြန်လည်ဆောက်လုပ်ပေး

ကျောက်ဆည်  မတ်   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဒေသအတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး လိုအပ်သည့်လမ်းပိုင်းနေရာများတွင် Box Culvert တံတားများ ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် လမ်းရေရှည်တည်တံ့ခိုက်မြဲရေး Box Culvert တံတား(၃)စင်း ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောက်လုပ်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေကျပ် (၇၅.၃၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျော်မင်းကျော် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူကာ (၁.၅၂)မီတာx(၁၂.၂)မီတာရှိ Box Culvert တံတား(၃)စင်း အား လမ်း၏(၃၀)ကီလိုမီတာမှ(၃၄)ကီလိုမီတာအတွင်း တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါ Box Culvert တံတားများ ပြန်လည်ဆောက်လုပ်ပေးခဲ့သဖြင့် ဒေသခံနှင့်ပြည်သူများ၏ ကုန်ပစ္စည်းများနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)