မဟာအောင်မြေမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

မဟာအောင်မြေ မတ်  ၃၀

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ နွေရာသီအားလပ်ရက်များတွင် ကလေးသူငယ်များ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ကြီးသူကိုရိုးသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားတတ်စေရန်၊ ဆရာသမား၊ မိဘများဆုံးမသွန်သင်မှုကို နာခံတတ်သော အနာဂတ်သားကောင်း၊ သမီးကောင်းများပေါ်ထွန်းလာစေရန်၊ (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ လူဘောင်လောကတွင် နေထိုင် သွားလာတတ်စေရန်ရည်ရွယ်၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၅)ဦးဖြင့် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ (၁၀)ရက်တာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို သင်တန်းသား/သူ(၂၀)ဦး တတ်ရောက် သင်ကြားလျက်ရှိကြောင်းသိရသည်။

အောင်ဇော်မင်း