မန္တလေးတိုင်းဒေသကြီးအတွင်း ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ ) ဒုတိယနေ့တွင် ၇၄၄၁ပါး ဖြေဆို

ချမ်းအေးသာစံ    မတ်   ၃၀

မန္တလေးတိုင်းဒေသကြီးအတွင်း ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)ဒုတိယနေ့ မတ်လ ၂၉ ရက်နေ့တွင် ၇၄၄၁ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။

ယင်းစာမေးပွဲကို နေ့လည် ၁၂နာရီမှ ညနေ ၃နာရီ အချိန်ထိ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈) မြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ ) ကျင်းပစစ်ဆေးခဲ့ရာ ပထမကြီး တန်းတွင် စာရင်းရှိ ၁၆၃၈ ပါး၊ ဖြေဆို ၁၃၃၆ ပါး၊ ပျက်ကွက် ၃၀၂ ပါးဖြစ်ပြီး ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်အားလည်းကောင်း၊ ပထမလတ်တန်းတွင် စာရင်းရှိ ၁၃၀၆ ပါး၊ ဖြေဆို ၉၈၇ ပါး၊ ပျက်ကွက် ၃၁၉ ပါး ဖြစ်ပြီး ကစ္စည်း သဒ္ဒါကြီး ဘာသာရပ်အားလည်းကောင်း၊ ပထမငယ်တန်းတွင် စာရင်းရှိ ၂၆၅၁ ပါး၊ ဖြေဆို ၂၁၁၆ ပါး၊ ပျက်ကွက် ၅၃၅ ပါး ဖြစ်ပြီး ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်အား လည်းကောင်း၊  အခြေပြုမူလတန်းတွင် စာရင်းရှိ ၃၈၆၉ ပါး၊ ဖြေဆို ၃၀၀၂ ပါး၊ ပျက်ကွက် ၈၆၇ ပါး ဖြစ်ပြီး  ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်အားလည်းကောင်း အသီးသီးဖြေဆိုတော်မူခဲ့ရာ စုစုပေါင်း စာရင်းရှိ ၉၄၆၄ ပါး၊ ဖြေဆို ၇၄၄၁ ပါး၊ ပျက်ကွက် ၂၀၂၃ ပါး၊ ဖြေဆိုရာခိုင်နှုန်း ၇၈.၆၂ ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲအား သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသည့် စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များမှ ကြီး​​ကြပ်၍ ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၃.၄.၂၀၂၃ ရက်နေ့အထိ ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်